Print

သကြားလုံး

  02-May-2017
Preview Image

ဒေါက်တာခါး တစ်ယောက်ဆေးခန်းထဲတွင် ထိုင်နေစဉ် လူနာတစ်ဦးရောက်လို့လာလေသည်။ လူနာက ..


`ဆရာ … ကျွန်တော်အရမ်းပင်ပန်းနွမ်းနယ်သလို ခံစားနေရတယ်´


`နာတာရှည် ပင်ပန်းနွမ်းနယ်တဲ့ရောဂါဖြစ်နေတာလား မသိဘူးဆရာ´


`ပြီးတော့ ကျွန်တော်လေ အရင်လက ခေါင်းခဏခဏ ကိုက်တယ်။ ဖျားတယ်၊ တစ်ခါတစ်လေ ညအိပ်မပျော်ဘူး။


ဒါကြောင့် `ကျွန်တော့်မှာ ဦးနှောက်အကြောတက်ရောဂါ (Fibromyalgia) ဖြစ်နေတယ်လို့ လည်းထင်မိတယ်။


`ဒါပေါ့.. မှန်လိုက်တဲ့အဖြေ´ (ရွဲ့သည်)


လူနာ `ဒါဆိုကျွန်တော် ဘာလုပ်လို့ရမလဲဗျ´


ဆရာ `ခဏစောင့် ဆရာဆေးပေးမယ်လေ´


ဆရာအခန်းအပြင်သို့ ထွက်လာသည်။ စတိုးဆိုင်သို့သွားသည်။ ဆေးနှင့်တူသည့် သကြားလုံးအဖြူ ၁၀၀၀ ဖိုး ဝယ်သည်။ ဆေးထည့်သည့်ဗူးကိုယူသည်။ ဆေးဗူးထဲသို့ သကြားလုံးအဖြူရောင် ထည့်သည်။ အခန်းထဲသို့ပြန်ဝင်လာပြီးနောက်


`ကဲ ဆေးလည်းအဆင်သင့်ဖြစ်ပြီး ဆရာတစ်ပတ်စာပေးလိုက်တယ် တစ်နေ့နှစ်လုံး မနက်တစ်ကြိမ် ညတစ်ကြိမ်သောက် တစ်ပတ်ကြာလျှင်ပြန်လာပြ ဟုတ်ပြီလား´


တစ်ပတ်ကြာသော်


လူနာဆေးခန်းသို့ ပြန်ရောက်လာသည်။


လူနာ `ဆရာဆေးကအရမ်းအစွမ်းထက်တာပဲ ဆရာထပ်ပေးလို့ရလားဗျ´

ဆရာလည်း ပြုံးပြီး ပိုက်ဆံအိတ်ထဲက ပိုက်ဆံတစ်ထောင်တန်ကို ထုတ်လိုက်သည်။


Credit : Dr. Archer



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18